တံတွေး စမ်းသပ်စစ်ဆေးမှုက မိမိအသက်ရှင်မယ့် အချိန်ကာလကို ဖော်ပြပေးနေ


တံတွေး စမ်းသပ်စစ်ဆေးမှုက သင့်အသက် ဘယ်လောက်ရှည်မယ်ဆိုတာ ကြိုတင်ခန့်မှန်းစေနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

သုတေသီတွေက သက်ကြီးရွယ်အိုများရဲ့ တံထွေးမှာ ခန္ဓာကိုယ် ရောဂါခုခံနိုင်မှု အခြေအနေကို တိုင်းတာပြီး နောက် နှစ် ၂၀ ကျော်ကြာမှာ သူတို့ သေဆုံးကြတာ တွေ့ရှိခဲ့ကြပါတယ်။

ကင်ဆာကြောင့် အသေစောမှု အန္တရာယ်မှာ အနည်းဆုံး ရောဂါခုခံကာကွယ်ပေးတဲ့ ဆဲလ်အရေအတွက် အမြင့်ဆုံးရှိသူတွေမှာ အနည်းဆုံး သုံးချိုးတစ်ချိုး လျော့နည်းကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ခြုံငုံကြည့်ရင် အရွယ်မတိုင်ခင် သေဆုံးမှု ၅ပုံ ၁ပုံလျော့ကျခဲ့ပါတယ်။ ဒါပေမယ့် အနည်းဆုံးရှိတဲ့ သူတွေဟာ အကြိတ်ကြောင့် စောစော သေဆုံးနိုင်ခြေ အများဆုံးဖြစ်ပါတယ်။

Birmingham University မှ သုတေသနပညာရှင်များက အသက် ၆၀ ကျော်တဲ့ အမျိုးသားနဲ့ အမျိုးသမီး ၇၀၀ ဆီမှ နမူနာ ယူခဲ့ပါတယ်။ သူတို့ကို ခန္ဓာကိုယ်ရဲ့ ရောဂါခုခံကာကွယ်နိုင်မှု ကောင်းဆုံးအချက်ထဲမှ တစ်ခုဖြစ်တဲ့ immunoglobulin A ကို စစ်ဆေးခဲ့ကြတယ်။ လက်ရှိအချိန်မှာ သွေးစမ်းသပ်ခြင်းကနေ တဆင့်နဲ့သာ စစ်ဆေးနိုင်သေးတာ ဖြစ်ပါတယ်။

ဒါပေမယ့် တံထွေးနာမူနာကို နောင်ဖြစ်မယ့် ကင်ဆာရောဂါအန္တရာယ် စစ်ဆေးဖို့အတွက် အသုံးပြုနိုင်မယ်လို့ သုတေသနပညာရှင်တွေက မျှော်လင့်နေပါတယ်။ အသက်အရွယ်၊ နာမကျန်းဖြစ်ခြင်း စတဲ့ ထိန်းချုပ်လို့ မရတဲ့ အရာတွေက ဒီအခြေအနေတွေ ဖြစ်စေနိုင်တယ်လို့ Dr Anna Phillips က ပြောပါတယ်။ စိတ်ဖိစီးမှု၊ နေ့စဉ်ပုံမှန်အစားအစာ၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အရက်သေစာနဲ့ ဆေးလိပ်သောက်ခြင်းတို့ကလည်း ဒါတွေပေါ် သြဇာသက်ရောက်မှု ဖြစ်နိုင်ပါတယ်။ 

Ref: The Sun

No comments

Powered by Blogger.