ဘုရားသုံးဆူ နယ်စပ်စခန်းကို တနင်္ဂနွေနေ့တွင် မြန်မာအာဏာပိုင်များ ပိတ်ထားခဲ့ဟု ထိုင်းစစ်တပ်ဆို


ဘန်ကောက်-မြန်မာအာဏာပိုင် များသည် ထိုင်းနိုင်ငံ ကန်ချနာဘူ ရီပြည်နယ်နှင့် နယ်စပ်ဂိတ် ဘုရားသုံးဆူစခန်းကို တနင်္ဂနွေနေ့တွင် ပိတ်ထားခဲ့ကြောင်း ထိုင်းဒေသဆိုင်ရာ စစ်တပ်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကန်ချနာဘူရီနှင့် အနီးရှိ ပြည်နယ်များကို ကြီးကြပ်ရသည့် အမှတ်(၉)တပ်မမှူး စစ်ဦးစီးမှူး ဗိုလ်ချုပ်သမ်မနွန်းဝစ်သီးက ၎င်းတို့ဘက်မှ ပုံမှန်အတိုင်း နယ်စပ်ဂိတ် ဖွင့်ပေးလိုက်ချိန်တွင် ဘုရားသုံးဆူ နယ်စပ်ဂိတ်၌ မြန်မာအာဏာပိုင်များကမူ ထိုင်းဘက်မှ ပြည်သူများနှင့် ခရီးသွားများကို ဝင်ခွင့်မပေးတော့ကြောင်း အ တည်ပြုပြောကြားသည်။

ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ဘုရားသုံး ဆူစခန်းသည် ယခင်ကတည်းက တရားဝင်ဂိတ်အဖြစ် ဖွင့်လှစ်ထားခြင်းမဟုတ်ဘဲ တရားမ၀င် သွား လာသူများသာ အသုံးပြုနေခြင်း ဖြစ်ကြောင်း ပြောသည်။တရားဝင် ဖွင့်လှစ်ထားသည့် နယ်စပ်ဂိတ် များမှာ ပုံမှန်အတိုင်းရှိနေပြီး ကုန် စည်စီးဆင်းမှုလည်း ယခင်အခြေအနေအတိုင်းပင်ဖြစ်ကြောင်း ပြောသည်။

ဘုရားသုံးဆူရှိ မြန်မာနိုင်ငံ သားများသည် ထိုင်းတွင် လိပ်ကျွန်းလူသတ်မှု ဖြစ်စဉ်၌ မြန်မာနိုင်ငံသား လူငယ်နှစ်ဦးအား သေဒဏ်ချမှတ်ခဲ့ခြင်းကို မကျေနပ်၍ အဆင့်သုံးဆင့်ဖြင့် ဆန္ဒပြမှုများကို ဒီဇင်ဘာ ၂၈ ရက်မှစ၍ ပြုလုပ်မည်ဟူသော သတင်းများ ကြားထားပြီးဖြစ်ကြောင်း ၎င်းကဆိုခဲ့သည်။

ထိုင်းစစ်သားများသည် ၎င်းတို့ဘက်ခြမ်းရှိ မြန်မာလုပ်သားများကို ယနေ့တွင် လိပ်ကျွန်းလူ သတ်မှုဖြစ်စဉ်နှင့် သက်ဆိုင်သည် များကို ရှင်းပြမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

 ဗိုလ်ချုပ်သမ်ပစွန်းဝဇ်သီး က ယခုသေဒဏ်မှာ အောက်တ ရားရုံးတွင်သာ ချမှတ်လိုက်ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် အယူခံ ရုံးနှင့် တရားလွှတ်တော်ချုပ်သို့ တက်ရောက်ဦးမည်ဖြစ်ကြောင်း ဆိုသည်။ ဆန်ခလာဘူရီခရိုင် အကြီးအကဲ ပခွန်ကန်ဝယ်လီက ၎င်းတို့ နယ်စပ်ဘက်တွင် ဒေသခံ ဟို တယ်များတွင် ခရီးသွားများဖြင့် ပြည့်နှက်နေပြီး မြန်မာလုပ်သား များမှာလည်း ၎င်းတို့လုပ်ကိုင်ရာ ထိုင်းစက်ရုံများသို့ ပြန်လာနေကြ ကြောင်း ဆိုသည်။

ဘုရားသုံးဆူဂိတ် အနီးတွင် ထိုင်းနှင့် နိုင်ငံခြား ခရီးသွားများ သည် ပျော်ရွှင်စွာ ဈေးဝယ်ထွက် နေကြပြီး မြန်မာအာဏာပိုင်များ က ထိုင်းခရီးသည်များကို နယ်စပ် ဖြတ်ကျော် ဝင်ခွင့်မပေးခြင်းမှာ လုံခြုံရေး အကြောင်းပြချက်များ ကြောင့်ဖြစ်ကြောင်း ၎င်းက ဆို သည်။ ခရိုင်အကြီးအကဲ ပခွန်က မြန်မာစစ်တပ်ဘက်ကလည်း နယ် စပ်တွင် ထိုင်းနိုင်ငံအတွင်းဘက် ဝင်ရောက်ဆန္ဒပြခြင်းမျိုး မဖြစ်အောင် ထိန်းချုပ်မည်ဟု ထိုင်းအစိုးရအား ကတိပေးထားကြောင်း ဆိုသည်။

မြန်မာဘက်မှ ဆန္ဒပြသူများ သည် တနင်္ဂနွေနေ့တွင် ဆန္ဒပြရန် ပြင်ဆင်ထားမှုကို ဒေသဆိုင်ရာ အာဏာပိုင်များ တောင်းဆိုမှု ကြောင့် ပြန်ဖျက်ခဲ့ကြောင်း သ တင်းရင်းမြစ်တစ်ခုကပြောသည်။ ဘုရားသုံးဆူဂိတ်သည် ထိုင်းဘက်မှ မြန်မာသို့ဝင်သော စားသုံးကုန်ပစ္စည်းများ၊ လောင်စာနှင့် လျှပ်စစ်မီးတို့ကို မှီခိုနေရခြင်းကြောင့်ဟု သတင်းက ဖော်ပြသည်။

ကိုးကား - Bangkok Post

No comments

Powered by Blogger.