သင့်ဘ၀လက်တွဲဖော်ဆီက သင်မျှော်လင့်ရှာဖွေသင့်တဲ့ အရာ (၁၀) မျိုး
ကိုယ့်ချစ်သူ၊ ဘ၀လက်တွဲဖော်ဆီက ကိုယ်မျှော်လင့်ထားသင့်တဲ့၊ ရှာဖွေသင့်တဲ့ အရာပေါင်းများစွာ ရှိပါတယ်။ ဘာမဟုတ်တဲ့ အပေါ်ယံသွင်ပြင်တွေကို စိတ်ဝင်စားနေမယ့်အစား သူ့ဆီက သင်ရှာဖွေကြည့်သင့်တဲ့ အရာတွေကတော့
၁။သင့်ဖြစ်ချင်တာတွေ၊ သင်စိတ်အားထက်သန်တဲ့အရာတွေကို သူတကယ်ကူညီအားပေးရဲ့လား။
၂။သင့်တန်ဖိုးကို သူက ပိုတက်အောင် စွမ်းဆောင်ပေးနိုင်ရဲ့လား။ သူ့ကြောင့် သင်သိက္ခာတွေ ကျတာမျိုးက ပိုများနေသလား။
၃။သူအူကြောင်ကြောင် ပေါကြောင်ကြောင်တွေလုပ်တိုင်းလည်း သူကပါ ၀င်ပူးပေါင်းပါဝင်တတ်သူလား။
၎။သင်အပေါ် ချစ်မြတ်နိုးတဲ့သူ တစ်ယောက် ဟုတ်ပါရဲ့လား။
၅။တစ်ခုခုဆို သင့်အပေါ် ပွင့်လင်းစွာ ပြောဆိုဆက်ဆံတတ်သူ ဟုတ်ရဲ့လား။
၆။သင့်မိသားစုအပေါ်မှာရော ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတတ်သူလား။
၇။သင့်အမြင်၊ အတွေးအခေါ် အယူအဆတွေကို တန်ဖိုးထားတတ်သူလား။
၈။သူ့ကို တစ်ခုခုဆို ယုံကြည်စိတ်ချနိုင်သလား။
၉။နှစ်ဦးသားဆက်ဆံရေးကို ပိုခိုင်မြဲအောင် အမြဲတမ်း ညှိုနှိုင်းပေးတတ်သူလား။
၁၀။သင်ဟာ သူ့အတွက် လိုက်ပြောင်းလဲပေးစရာ မလိုဘူး။ သင်ဟာ သင်သာဖြစ်တယ်ဆိုတာ သူလက်ခံပေးပါသလား။
တကယ်တော့ ချစ်သူနှစ်ဦး တကယ်ချစ်ပြီဆိုရင် နှစ်ဦးသားလက်တွေ ခိုင်မြဲစေဖို့အတွက် ဒီအချက်တွေကသာ အဓိကကျတာမို့ တစ်ဦးနဲ့တစ်ဦး ရှာဖွေသင့်တဲ့ အရာတွေဟာ ဒီအချက် (၁၀)ချက်သာ ဖြစ်ပါတယ်။
Ref:yourtango
No comments