အမျိုးသားတို့အတွက် သဘာဝဆေးများ



ကမ္ဘာပေါ်တွင် အိမ်ထောင်မှုသုခ မပြည့်ဝ၍ စိတ်အားငယ်နေရသူ အမျိုးသားအများအပြားရှိနေကြာင်း သိရသည်။ အကြောင်းအမျိုးမျိုး၊ ရောဂါအမျိုးမျိုးတို့ကြောင့် ဖြစ်သည်။
ထို့ကြောင့် အိမ်ထောင်မှုသုခပြည့်ဝလာစေမည့် နာမည်ကြီး သဘာဝဆေးဖက်ဝင် အစားအစာများနှင့် သစ်ဥသစ်ဖုများကို ညွန်ပေးလိုက်ပါသည်။
(၁) အမျိုးသားများအတွက် ကာမခွန်အားကို မြင့်တက်စေမည့် သဘာဝဆေးမှာ ဆောင်းပိုးနွေမြက်ခေါ် ရှီးပဒီးဥ(အမြှစ်) သည် နာမည်အကြီးဆုံးဖြစ်သည်။ မြင့်မား၍ အေးခဲသောရေခဲတောင်ပေါ်များတွင်သာ ပေါက်သည်။ ပူတာအို၊ နီပေါ၊ အိန္ဒိယမြောက်ပိုင်းတို့တွင် ရနိုင်သည်။ ၄င်းရှီးပဒီးမြှစ်ကို အရက်နှင့်စိမ်ထား၍ ရေရှည်စွဲစောက်လျှင် ကာမအားတိုးစေပြီး အိမ်ထောင်မှုသုခကို ပြည့်ဝလောစေမည်။
(၂) အခြားနာမည်ကြီး သဘာဝဆေးတစ်ခုမှာ ခွေးလှေးယားသီးနက်စေ့ ဖြစ်သည်။ ခွေးလှေးယားသီးအယဉ်သီး၏ အစေ့ကို လှော်၍ အမှုန့်ကြိတ်ထားကာ ပျားရည်နှင့်လုံးထားပြီး တစ်ညတစ်လုံး သောက်ပေးပါက ကာမအားတိုးစေ၏။ ပန်းသေပန်းညှိုးပျောက်စေ၏။
(၃) ကြီးဆေး၊ ရှည်ဆေးတွင် ကမ္ဘာမှာ နာမည်ကြီးသောအပင်မှာ ပေါက်နွယ်ဥ ဖြစ်သည်။ ပေါက်နွယ်ပင်၏ ဥကို အမှုန့်ပြု၍ လိင်တံကို သုတ်လိမ်းပေးပါက ကြီးထွားစေ၏။ သွေးကြောများ၏ လည်ပတ်မှုကိုလည်း အားကောင်းစေသဖြင့် (ကြီးရှည်ကြာ)ဆေးအဖြစ် နာမည်ကြီး၏။
(၄) မြန်မာပြည်တွင် နာမည်အကြီးဆုံးမှာ နန်းလုံးကြိုင်ပင်ဖြစ်သည်။ နန်းလုံးကြိုင်၏အမြှစ်ကို သွေးလိမ်းသော် ကြီးစေ၊ ရှည်စေ၏။ သို့သော် အတိုင်းအဆမသိပါက အန္တရာယ်များကြောင်း ပညာရှင်များက သတိပေးထား၏။
(၅) ပင်လယ်ခရုသည် ကာမအားတိုးဆေးအဖြစ် အလွန်အစွမ်းထက်ကြောင်း ပညာရှင်များက တွေ့ရှိထားသည်။ အထူးသဖြင့် ပင်လယ်စာကို အများဆုံးစားကြသော ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်တို့မှ လေ့လာတွေ့ရှိထားကြသည်။ လတ်ဆတ်သော ပင်လယ်ခရကို ပြုတ်၍ ငရုတ်ဆီနှင့်တို့စားခြင်းဖြင့် ကာမအားအင်များ ပြည့်ဝလာစေ၏။
(၆) သဘာဝကျားအားတိုးဆေးအဖြစ် နောက်ထပ်နာမည်ကြီးဆေးမြှစ်မှာ ဂျင်ဆင်းမြှစ်ဖြစ်သည်။ ဂျင်ဆင်းသည် ကာမအားတိုးသာမက ရောဂါပေါင်းများစွာကို ချေဖျက်ပေးနိုင်ပြီး လူ့ခန္ဓာကိုယ်အတွက် အားအင်များကို ပေးစွမ်းနိုင်ကြောင်း တစ်ကမ္ဘာလုံးမှ ဆေးပါရဂူကြီးများက လက်ခံထားကြသည်။
Powered by Blogger.