အမျိုးသမီးတိုင်းသတိပြုဖွယ်ရာ ရင်သားကင်ဆာလက္ခဏာများ


အရှေ့ တောင် အာရှနိုင်ငံများတွင်ရှိသော အမျိုးသမီးများဟာ အသက် ၄၀ ကျော်
၅၀ အတွင်းတွင် ရင်သားကင်ဆာ အဖြစ် အများဆုံး ဖြစ်ကာ၊
လေ့လာမှုမှတ်တမ်းများအရ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံဟာ
အမျိုးသမီးများရင်သားကင်ဆာ အဖြစ်များဆုံး သော နိုင်ငံတစ်ခုအဖြစ်
ပါဝင်လျှက်ရှိကြောင်း သိရပါတယ်။ ဒါကြောင့် အသက် ၂၀ နဲ့  ၃၀ အရွယ်
အမျိုးသမီးများအနေဖြင့် ဆရာဝန်များနှင့် ပုံမှန်ပြသပြီး မိမိရင်သားအား
စမ်းသပ်စစ် ဆေးမှုများပြုလုပ်ကာ အကြံဥာဏ်များရယူသင့်ပြီးကြောင်း၊ အမျိုး
သမီး တစ်ဦးအနေဖြင့် အသက် ၄၀ အရွယ်မှ စတင်ပြီး တစ်နှစ်လျှင်
တစ်ခါနှုန်းဖြင့် နှစ်စဉ် mammograms ရိုက်သင့်ကြောင်းတို့  ကို
ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်ရင်ရင်ထွန်း
က အကြံပြုထားပါတယ်။
ရင်သားကင်ဆာဆိုသည်မှာ-
ရင်သားကို (၁) Chest wall(ခေါ်)ရင်အုံနံရံ (၂) Pectoralis
muscles(ခေါ်)ရင်ဘတ်ကြွက်သား (၃) Lobules(ခေါ်)နို့ ရည်ထုတ်
ပေးသောဂလင်းများ (၄) Nipple surface(ခေါ်)နို့ သီးခေါင်း (၅)
Areola(ခေါ်)နို့ သီးပတ်လည်အညိုကွက် (၆)Lactiferous duct tube(ခေါ်)နို
့ရည်ပြွန် (၇) Fatty tissue(ခေါ်)အဆီတစ်ရှုး (၈) Skin(ခေါ်)အပေါ်ယံအရေပြား
စသည်တို့ ဖြင့်ဖွဲ့ စည်းတည် ဆောက်ထားပါတယ်။ အရွယ်ရောက်ပြီး
အမျိုးသမီးတစ်ဦးရဲ့ ရင်သားထဲမှာ အဆီ နဲ့ နို့ ရည်ထုတ်ပေးသောဂလင်း
ထောင်ပေါင်း များစွာပါရှိကြပါတယ်။ ရင်သားဟာလည်း
အခြားခန္ဒာကိုယ်အစိပ်အပိုင်းတွေလိုဘဲ၊ အဏုစိပ်ကြည့်မှန်ပြောင်းနဲ့ သာ
မြင်နိုင်တဲ့ ဆဲလ်လေးတွေ ဘီလီယံအရေအတွက်ပေါင်းများစွာပါရှိပြီး၊
အဲဒီဆဲလ်လေး တွေသေသွားတဲ့အခါ ဆဲလ်အသစ်တွေက အလိုအ လျောက်အစားထိုးပေးပါတယ်။
ထိုဘီလီပေါင်းများစွာသောဆဲလ်တွေ အထိန်းအကွပ်မဲ့
များသထက်ပွားများလာခဲ့ခြင်းကို “ရင် သားကင်ဆာ”လို့ ခေါ်ပါတယ်။ နို
့ရည်ပြွန်ထဲမှာ ကင်ဆာဖြစ်ခြင်းကို ဆေးပညာအရ ductal carcinoma လို
့ခေါ်ပြီး၊ အမျိုး သမီးတွေအဖြစ်အများဆုံး ရင်သားကင်ဆာဖြစ်ပါတယ်။ အကယ်၍ နို
့ရည် ထုတ်ပေးတဲ့ ဂလင်းတွေကင်ဆာဖြစ်ခြင်းကိုတော့ ဆေးပညာအရ lobular
carcinoma လို့ ခေါ်ကာ၊ ဒါကတော့ အဖြစ်နည်းတဲ့ ရင်သားကင်ဆာပါ။
ရင်သားကင်ဆာလက္ခဏာများ။
(၁) နို့ သီးခေါင်း အရေပြားနဲ့ ရင်သားပေါ်ယံအရေပြားတို့ 
အရေခွံကွာကျခြင်း/အရေခွံပက်ကျားအက်ခြင်း (၂) ရင်သားအရောင် နီရဲလာခြင်း
(၃) နို့ သီးခေါင်းမှသွေးစက်ကျခြင်း (၄) ရင်သားအရွယ်အစားနဲ့  ပုံစံ
သိသိသာသာပြောင်းလဲသွားခြင်း (၅) ရင်သား အရေပြားတို့  တင်းရင်းမနေဘဲ
လိမ္မော်သီးအခွံကဲ့သို့  ပုံသဏ္ဍာန်မမှန် ဖောင်းကြွ/ချိုင့်ဝင်သွားခြင်း (၆)
နို့ သီးခေါင်းပုံစံ မမှန် တော့ဘဲပြောင်းလဲသွားခြင်း(အထဲသို
့ချိုင့်ဝင်သွားခြင်း) (၇) နို့ သီးခေါင်းမှာ
အဖုအပိမ့်ကွက်များထွက်ပေါ်ခြင်း (၈) ရင်သားထဲ မှာ ငြိမ်နေ(မရွေ့ မရှား)သော
အကျိတ်တည်လာခြင်း (၉) ရာသီလာစဉ်ကာလမဟုတ်ဘဲ၊ ဂျိုင်းကြား နဲ့ ရင်သားတို့ 
နာကျင်စွာခံ စားနေရခြင်း (၁၀) ဂျိုင်းကြားမှာအကြိတ်တည်လာခြင်း (၁၁)
ရင်သားတစ်ရှုးတွေထူထဲကာမာတင်းတင်းဖြစ်၍ နေထိုင်ရ ခက်ခဲ ခြင်း.. စသည်တို
့ဖြစ်ပါတယ်။
The American Cancer Society(ခေါ်)အမေရိကန်နိုင်ငံရဲ့ ကင်ဆာအသင်းအဖွဲ့  မှ
အကြံပြုထားတာကတော့…..
(၁) အမျိုးသမီးများ အသက် ၂၀ အရွယ်ရောက်တာနဲ့  ရင်သားမှာ အဖုအကျိတ်
ရှိ/မရှိ မိမိကိုယ်ကိုစမ်းသပ်စစ်ဆေးပါ။ ထူးခြားမှု တစ်စုံတစ်ရာတွေ
့ပါကဆရာဝန်နဲ့ ပြပါ။ (၂) အသက် ၂၀ နဲ့  ၃၀ ကြားမှာ ၃-နှစ်လျှင်တစ်ကြိမ်ကျ
ရင်သားကျမ္မာရေးကို ဆေး ခန်းမှာပုံမှန်စစ်ဆေးပါ။ (၃) အသက် ၄၀ နဲ့ 
အထက်ရောက်တာနဲ့  ပုံမှန်တစ်နှစ်တစ်ကြိမ် သားမြတ်ကို ဓာတ်မှန်ရိုက်စစ်ဆေး
ခြင်းက သက်ရှည်ကျမ္မာစေတဲ့ အလေ့အကျင့်ကောင်းလေးပါ။
ရင်သားကင်ဆာဖြစ်စေသော အကြောင်းရင်းများ….
(၁) သွေးကျဆေး ပုံမှန်စွဲသောက်နေရသော သွေးဆုံးပြီး အမျိုးသမီးများ။ (၂)
သွေးဆုံးပြီးနောက် အသက် ၅၀ ကျော်အမျိုးသမီး ၈၀% ကျော်မှာ
ရင်သားကင်ဆာဖြစ်လေ့ရှိလို့ ဂရုစိုက်ပါ။ (၃) ရင်သားကင်ဆာကလည်း
မမျိုးဥအိမ်ကင်ဆာလိုဘဲ မျိုးရိုးလိုက် တတ်၍ မိခင်၊ အဖွား စသည်တို့ မှာ
ရင်သားကင်ဆာရှိရင် မိမိကိုယ်ကို ကြိုတင်ဆေးစစ်မှုခံယူပါ။ (၄) ပုံမှန်ထက်
ထူးခြားစွာ မွေး ရာပါ ရင်သားအစိုင်အခဲလုံးကျစ်မာတင်းနေသူများ။ (၅)
ဆေးလိပ်နဲ့ အသက်သေစာ မှန်မှန်သောက်သုံးသော အမျိုးသမီးများ။ (၆)
မွေးရာပါအရပ်ရှည်သော အမျိုးသမီးများက အရပ်ပုသူများထက်
ရင်သားကင်ဆာဖြစ်နိုင်ချေအလားအလာ ပိုများကြပါတယ်။ (၇)
အ၀လွန်သူအမျိုးသမီးများနဲ့  သွေးဆုံးပြီးနောက်အ၀လွန်သူများမှာ
အက်စထရိုဂျင်ဟိုမုန်းမြင့်မားမှုကြောင့် ရင်သားကင်ဆာ ဖြစ်စေနိုင်ပါတယ်။
(၈) ရင်သားမှာ ကင်ဆာအကျိတ်မဟုတ်ဘဲ သာမန်အဆီကျိတ်ထွက်လေ့ရှိတဲ့
အမျိုးသမီးများက lobular carcinoma(ခေါ်)ဂလင်းတွေကင်ဆာဖြစ်လာစေနိုင်လို
့မပေါ့ပါနဲ့ ။ (၉) သွေးမဆုံးခင်နဲ့ သွေးဆုံးပြီးစအချိန်များမှာ
သွေးဆုံးကိုင် ရောဂါ ခံစားနေရသောအမျိုးသမီးများ။ (၁၀)
HRT(ခေါ်)ဟိုမုန်းအစားထိုး ကုသမှုခံယူနေသော အမျိုးသမီးများ။ (၁၁) ပလပ်
စတစ်အလုပ်ရုံ၊ သတ္တုပစ္စည်းအလုပ်ရုံ၊ စည်သွတ်ဘူးစက်ရုံ၊
စိုက်ပျိုးရေးပစ္စည်းအလုပ်ရုံ စသည်တို့ တွင် လုပ်ကိုင်နေသော အမျိုး
သမီးများနဲ့  ညမအိပ်ရဘဲ ညဘက်ဂျုတီအလုပ်ဝင်လေ့ရှိသော အမျိုးသမီးများ။ (၁၂)
ငယ်စဉ်ကလေးဘ၀မှာ ရောဂါတစ်ခုခု ကြောင့် ရင်ခေါင်းပိုင်းကို X-rays၊ CT
scans မကြာခဏရိုက်၍ ရေဒီယိုသတ္တိကြွသင့်ခံရသောသူများ။ (၁၃) ရင်သားကင်ဆာ သံ
သယဖြစ်ခံရသော်လည်း တိတိကျကျအဖြေမထွက်ဘဲ အကျိတ်ဖုများ
ပေါ်လိုက်/ပျောက်လိုက်ဖြစ်နေသူများ။ (၁၄) လှချင်လွန်း၍ သားမြတ်တစ်စုံကို
စီလီကွန်ရင်သားအတုထဲ့၍ ခွဲစိပ်ထားသူများ။ (၁၅) အချို့ ဂျိုင်းချွေးနံ
့ပျောက်ဆေးများနဲ့ ဂျိုင်းဖြူဆေးတောင့် များကလည်း ဓာတ်မတဲ့ဘဲ
ရင်သားကင်ဆာဖြစ်လာစေနိုင်ပါတယ်။
ရင်သားကင်ဆာမဖြစ်အောင်ကြိုတင်ကာကွယ်နည်းများ။
(၁) အရက်လုံးဝ မသောက်တာ အကောင်းဆုံးပါ။(သို့ မဟုတ်)တနေ
့တခွက်ထက်ပိုမသောက်ပါနဲ့ ။ (၂) ရက်သတ္တ ၁-ပတ်လျှင် ၅-ရက်မျှ
ခပ်မှန်မှန်လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း၊ စက်ဘီးစီးခြင်း စတဲ့
ပေါ့ပေါ့ပါးပါးလေ့ကျင့်ခဏ်းမျိုး တစ်နေ့  နာရီဝက် ခန့်  လုပ်ပါ။ (၃)
အဆီများသော ငါးများနဲ့  ငါးကြီးဆီသောက်သုံးသော အမျိုးသမီးများက
ရင်သားကင်ဆာဖြစ်နိုင်ချေ အလား အလာ ၁၄% လျော့ပါးသွားစေပါတယ်။ (၄)
သွေးဆုံးပြီးနောက် ဟိုမုန်းထိန်းညှိပေးသောဆေးဝါးမှီဝဲခြင်းက ရင်သားကင်ဆာ
လျော့ပါးသွားစေလို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးမှီဝဲပါ။ (၅)
ကိုယ်အလေးချိန် မတက်လာအောင်ထိန်းပါ။ (၆) ကလေးမီးဖွားပြီး နောက် မိခင်နို
့ရည်တိုက်ပေးသူများက၊ နို့ လုံးဝမတိုက်သော အမျိုးသမီးများထက်
ရင်သားကင်ဆာဖြစ်နိုင်ချေ အလားအလာ နည်းပါးစေနိုင်ပါတယ်။ (၇)
ဗြိတိန်နိုင်ငံ ဆေးပညာသုတေသန ကောင်စီမှ ဒေါက်တာ မိုက်ကယ်ဟက်စတင်း
ဦးဆောင်သော အဖွဲ့ က အိပ်စက်မှု နည်းပါးခြင်း နှင့် အိပ်ရေးဝစေရန်
လုံလောက်စွာ မအိပ်စက်ခြင်းသည် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြင်း နှင့်
ဆက်နွှယ်မှုရှိနေကြောင်းကို ကြွက်များဖြင့် လေ့လာစမ်းသပ်နိုင်ခဲ့ပြီး၊
အဆိုပါ တွေ့ ရှိမှုအစီရင်ခံစာကို Current Biology မဂ္ဂဇင်း တွင်
ပုံနှိပ်ဖော်ပြသွားခဲ့ပါတယ်။ သုတေသနပညာရှင်များက မိသားစုမျိုးရိုးအလိုက်
ရင်သားကင်ဆာဖြစ်ပွားတတ်သော မိသားစု ၀င် အမျိုးသမီးများဟာ
ညဆိုင်းအလုပ်များကို မဆင်းသင့်ကြောင်း ထပ်လောင်း၍ အကြံပြုထားပါတယ်။
ရင်သားကင်ဆာအတွက် အကောင်းဆုံးအိမ်တွင်းကုထုံး။
(၁) ကြက်သွန်ဖြူ ရဲ့  alkyl sulfur ဓာတ်ပေါင်းစုက ကင်ဆာလဲလ်များကို
သတ်ပေးတဲ့အစွမ်းပါရှိလို့  ဖြစ်နိုင်ရင် အပူပေးစားတာ ထက် ကြက်သွန်ဖြူကို
အစိမ်းလိုက်ဝါးစားပေးပါ။ (၂) အစိမ်းရင့်ရောင် ပန်းဂေါ်ဖီစိမ်းထဲပါရှိတဲ့
linamarase ဓာတ်က ကင်ဆာ ဆဲလ်နဲ့  အဖုအကျိတ်များကို
ဖြိုခွင်းပေးနိုင်စွမ်းရှိလို့ များများစားပေးပါ။ ဒါ့ပြင် ကညွတ်၊ ဂေါ်ဖီ၊
မုန်ညင်း၊ ဟင်းနုနယ် စတဲ့ စိမ်း ရောင်ခြယ် ဟင်းရွက်များစားပေးပါ။ (၃)
အရောင့်ရင့်ရင့်စပျစ်သီးထဲရှိ ဆေးဘက်ဝင် doxorubicin အစွမ်းက
အက်စထရိုဂျင် ဟိုမုန်း ထွက်ရှိမှုကိုလျော့ချပေးရုံသာမက၊
အဖုအကျိတ်များတိုးပွားမှုကို ဟန့့်တာပေးနိုင်စွမ်းရှိလို့  စပျစ်သီးကို
ရင်သားကင်ဆာ ကာကွယ်ဆေးအဖြစ် ကြိုတင်စားသုံးသင့်ပါတယ်။ ထို့ ပြင်
ရင်သားကင်ဆာဝေဒနာရှင်များအနေဖြင့် အရောင့်ရင့်ရင့်စပျစ်သီးကို
ဓာတ်စာအဖြစ် မကြာခဏစားပေးပါ။ (၄) wheatgrass(ခေါ်)ဂျုံမြက်တွေက
ရင်သားကင်ဆာဆဲလ်များကိုသေစေသည့်ပြင်၊ အဆိပ်အတောက် ကိုပြေစေကာ
ကိုယ်ခံစွမ်းအားများတိုးပွားလာစေလို့  အားဖြည့်ဓာတ်စာအဖြစ်
မဖြစ်မနေစားပေးသင့်ပါတယ်။ (wheatgrass အစိမ်းရောင်
အသင့်သောက်ဖျော်ရည်ဗူးများကို City Mart ဆိုင်များမှာ
ဝယ်ယူရရှိနိုင်ပါတယ်) (၅) green tea (ခေါ်)လ္ဘက်စိမ်းရည်ကလည်း
ရင်သားကင်ဆာကို ထိထိရောက်ရောက် ကုသပေးနိုင်ပါတယ်။ (၆) နေကြာစေ့၊
သီဟိုစေ့၊ စတော် ဘယ်ရီသီးရဲ့ အစေ့လေးများ၊ ဂုံလျှော်စေ့၊ မြေပဲ
စသည့်အစေ့အဆံများထဲတွင်ပါရှိတဲ့ lingams ဓာတ်က အဖုအကျိတ်များ
ကြီးထွားလာမှုကို ကြန့် ကြာနှေးကွေး စေလို့ ၎င်းတို့ ကို သွားရည်စာအဖြစ်
စားပေးပါ။ (၇) ပဲပိစပ်ထဲရှိ phytoestrogens နဲ့  isoflavenes ဓာတ်များက
ရင်သားကင်ဆာအတွက် အကောင်းဆုံးသမားတော်လို့ ဆိုပါတယ်။ အကယ်၍ ရင်သားကင်ဆာ
ပထမအဆင့်မှာ ပဲပိစပ်အလုံအလောက်စားပေးခြင်းဖြင့်
ကင်ဆာကိုပျောက်စေနိုင်တယ်လို့ ဆိုပါတယ်။ (၈) ဗီတာမင်ဒီ နဲ့  ကယ်
လ်စီယမ်ပါတဲ့ ပဋိဇီဝဆေးများသောက်ပါ။ (၉) စနွင်းမှုန့် (နနွင်းမှုန့် )ထဲရှိ
Curcumin ဓာတ်က ကင်ဆာဆဲလ်များကို တားမြစ်ပေး တဲ့အပြင်၊ ကင်ဆာရောဂါအတွက်
ခရမ်းလွန်ရောင်ခြည်ဖြင့် ကုသမှုကြောင့် DNA ပျက်စီးမှုကို
ပြန်လည်ပြုပြင်ပေးတာကြောင့် နံက်တိုင်း စနွင်းမှုန့် ဟင်းစားဇွန်း
၁-ဇွန်းစာကို သောက်ရေသန့် ဖြင့်သောက်ပါ။ (၁၀) ခရမ်းချဉ်သီးထဲရှိ
lycopene(ခေါ်)ဓာတ် တိုးဆန့် ကျင်ပစ္စည်းက ကင်ဆာဆဲလ်များ ကြီးထွားမှုကို
ကာကွယ်ပေးလို့ ခရမ်းချဉ်သီးကို ဟင်းလျာအဖြစ်အပူပေးချက်စား ခြင်း(သို
့မဟုတ်)အလုံးလိုက်ဝါးစားပေးပါ။ (၁၁) သလဲသီးထဲရှိ သဘာဝ ellagic အက်ဆစ်က
ရင်သားကင်ဆာဆဲလ်များကို ဘေးဥပါသ်ကင်းဝေးစွာ ဖျက်ဆီးပေးနိုင်လို့ 
ဖြည့်စွက်စာအဖြစ် မကြာခဏ စားပေးပါ။ (၁၂) သစ်ကြားသီးထဲရှိ omega-3 fatty
အက်ဆစ်နဲ့  အာဟာရပစ္စည်းများက ရင်သားကင်ဆာအဖုအကျိတ်တို့ ကြီးထွားလာမှုကို
နှောင့်နှေးစေလို့  အနည်းဆုံး တစ်နေ့  ၂-လုံးစားပေးသင့်ပါတယ်။
(ဆောင်းပါးရှင်…ပေါက်ပေါက်….ရေးသားမျှဝေသည်)
(ကိုးကား။ The American Cancer Society(Breast Cancer)
Powered by Blogger.