အမြန်လမ်းအရေးပေါ် ရှေးဦးပြုစုရေးစခန်း ယခုနှစ်ကုန်ပိုင်း ဖွင့်လှစ်မည်


ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေသည့် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မိတ္တီလာမြို့နယ်၊ သီးကုန်းကျေးရွာအနီး မိုင်တိုင်၂၈၅ ၌ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ တည်ဆောက်လျက်ရှိသော အမြန်လမ်း အရေးပေါ် ရှေးဦးပြုစုရေး စခန်းကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။ “ အခုတည်ဆောက်မှုက ၈၀ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။ ဖွင့်ပွဲလုပ်ဖို့ အတွက်လည်း ညှိနှိုင်းဆွေးနွေးပွဲတွေ လုပ်ဦးမယ်။ ဖွင့်ပွဲ လုပ်တဲ့အခါ သံဃာတွေကို ပင့်ဖိတ်ပြီးတော့ လုပ်မှာပါ။ ဒီနှစ်ထဲ အတွင်းမှာတော့ ဖွင့်မယ်။ ဖွင့်တဲ့ရက် အတိအကျတော့ မသိရသေးဘူး။ နှစ်ကုန်ပိုင်းလောက် ဖြစ်မယ်။ အခုတော့ ပြတင်းပေါက် တပ်တာတို့၊ ခြံစည်းရိုး ခတ်မှာတို့လောက်ပဲ ကျန်ပါတော့တယ်” ဟု မိတ္ထီလာမြို့နယ် ကြက်ခြေနီအသင်းမှ ရှေးဦးသူနာပြုစု နည်းပြအဆင့် ဆရာအဆင့်တဦး၊ တပ်စုမှူးတဦး၊ အခြားအဆင့် နှစ်ဦးစုစုပေါင်း တပ်ဖွဲ့ဝင် လေးဦးဖြင့် ၂၄ နာရီအသင့် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။ ပြုစုရေး စခန်းတွင် လူနာတင်ကား၊ ပတ်တီးလိပ်၊ ဂွမ်း၊ အရက်ပြန်နှင့် ဆေးဝါးများ ထားရှိကာ အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားပါက အရေးပေါ် hot line ဖုန်းနံပါတ် ၁၈၈၀ သို့ ဆက်သွယ် အကူအညီတောင်းခံ နိုင်ကြောင်းနှင့် အခြားဆက်သွယ် အကူအညီတောင်းခံ နိုင်သည့် ဖုန်းနံပါတ်များ ထားရှိပေးမည် ဖြစ်ကာ ယာဉ်မတော်တဆ ဖြစ်ပွားပါက ချက်ချင်း ဆက်သွယ် အကူအညီတောင်းခံနိုင်ပြီး ကြက်ခြေနီ တပ်ဖွဲ့ဝင်များက သွားရောက် ကယ်ဆယ်မည် ဖြစ်သည်။ ယင်းပြုစုရေး စခန်းမှ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက အရေးပေါ် ရှေးဦးပြုစုနည်းဖြင့် ကယ်ဆယ်ပြီး မတော်တဆ ဖြစ်ပွားရာ နေရာနှင့် နီးစပ်သည့် မိတ္ထီလာ၊ အလယ်ရာ၊ ညောင်တုန်းရွာ ဆေးရုံ၊ ပျော်ဘွယ် ဆေးရုံ၊ မန္တလေး၊ မြင်းခြံ၊ နွားထိုးကြီး ဆေးရုံများ သို့ ပို့ဆောင်ပေးမည် ဖြစ်ကာ ပြုစုရေး စခန်းတွင် ဆရာဝန် ထားရှိမည် မဟုတ်ခြင်းကြောင့် ဆေးကုသမှု ပြုလုပ်ပေးမည် မဟုတ်ကြောင်း ဦးမိုးမိုးထွန်းက ရှင်းပြသည်။ ရန်ကုန်- မန္တလေး အမြန်လမ်းမိုင်တိုင် ၂၈၅ ၌ ရှိသော ရှေးဦးပြုစုရေး စခန်းကို ၂၀၁၅ ခုနှစ် မေ ၁၉ ရက်မှ စတင်ကာ ၂၀၁၅-၁၆ ဘတ်ဂျက်ဖြင့် သိန်း ၃၅၀ အကုန်အကျခံ တည်ဆောက်နေခြင်း ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""

No comments

Powered by Blogger.