အမွှေးအမျှင်တွေကို အပြီးပိုင် ရှင်းလင်းပေးမယ့် နည်းလမ်း


အမွှေးအမျှင်တွေကို ဖြည်းဖြည်းချင်း ဖယ်ရှားပြီး နောက်ပိုင်း လုံးဝပြန်မပေါက်တော့တဲ့ အနေအထားထိ ဖြစ်စေမယ့် အိမ်တွင်းဖြစ် ဆေးနည်းတစ်ခု ဖြစ်ပါတယ်။
အတိအကျဆိုရရင် ပထမတော့ ပိုပိုနည်းလာပြီး လအနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ လုံးဝပျောက်ကွယ်သွားမှာဖြစ်ပါတယ်။
အမွေးကို ဖယောင်းသွင်းနုတ်တာ သို့မဟုတ် ပရိတ်ဓားဖြင့်ရိတ်တာ တစ်နေ့ အချိန်ဘယ်လောက်ကုန်ဆုံးလဲ မိမိခန္ဓာကိုယ်ကို ဂရုစိုက်ထိန်းသိမ်းတဲ့အမျိုးသမီးတိုင်း သဘောပေါက်ကြပါတယ်။ ဒီတော့ နည်းလမ်းလေးတစ်ခု ဝေမျှပေးချင်ပါတယ်။
လိုအပ်သည့်ပစ္စည်းများ
သစ်ကြားသီးခွံအနည်းငယ် (အစိမ်းမဟုတ်ပါ)
ရေ
ပြင်ဆင်ပုံပြင်ဆင်နည်း
သစ်ကြားသီးခွံတွေ လုံးဝအခြောက်လှန်းပြီး မီးရှို့ပါ။ ခပ်ဖျစ်ဖျစ်အနေအထားလေးရဖို့ ရလာတဲ့ပြာမှုန့်ထဲ ရေအနည်းငယ်လောင်းထည့်ပါ။
အဲဒီအတိုင်း ၁၂ နာရီကြာထားပါ။ ပြီးသွားပါက ဂွမ်းစလေးနစ်ပြီး မိမိနုတ်ချင်တဲ့ အမွေးပေါက်ရာ ခန္ဓာကိုယ်အစိတ်အပိုင်းကို လိမ်းပေးရပါမယ်။
တစ်နေ့ အနည်းဆုံး ၃ ကြိမ်နဲ့ အထက်လုပ်ပေးရပါမယ်။ ထူးခြားမှု မရှိမချင်း လုပ်ပေးပါ။ ဒါပေမယ့် တစ်ခါလိမ်းပြီးရင် မိနစ် ၃၀ ထားပါက ထိရောက်မှု အရှိဆုံးဖြစ်ပါတယ်။ လိမ်းပြီးပါက သေသေချာချာ ပြန်ဆေးကြောပေးပါ။
Ref:naturalhealthcareforyou

No comments

Powered by Blogger.