ဘင်္ဂလားအာဏာပိုင်တိ မောင်တောနယ်စပ်ကို ကုန်သွင်းခွင့်မပြု
အိန္ဒိယနိုင်ငံက
ဘင်္ဂလားဒေရှ့် နိုင်ငံကို အခြေခံစားသောက်ကုန် တိ တင်ပို့မှုကို ရပ်ဆိုင်း
လိုက်တေအတွက် မောင်တော
နယ်စပ်က တစ်ဆင့် ဘင်္ဂလား ဒေရှ့်သို့ ဆန်၊ ကြက်သွန် နန့် အခြားအခြေခံ စားသောက် ကုန်တိ တင်ပို့နိန်ကေလည်း ဘင်္ဂလားဒေရှ့်က မြန်မာဖက်ကို တင်ပို့ရေ ပို့ကုန်တိကို မောင်တောနယ်စပ်ကိုတင်သွင်းဖို့ ခက်ခဲနိန်ရေလို့ လေးဝတီက သတင်းရဟိပါရေ။
“မြန်မာနိုင်ငံက ဆန်တိ၊ ကြက်သွန်တိ နန့် အခြားစားသောက်ကုန်ပစ္စည်းတိ တင်ပို့နိန်ကေ အဂု ဘင်္ဂလား ရခိုင်ပြည်ဖက်ကို တင်ပို့နိန်ရေ ကုန်ပစ္စည်တိရေ လုံးဝ တင်ပို့လို့မရအနေအထားမှာဟိပါရေ။ ဥပမာအနိန်နန့် ပြောရကေ စားသုံးဆီဘူးတိပါ။ သူရို့က ဇာဖြစ်လို့လဲဆိုကေ အိန္ဒိယက ဘင်္ဂလားကို သွင်းရေ စားသုံးဆီဘူးတိကိုလုံးဝ ရပ်ဆိုင်းပလိုက်တေအတွက် ဖြစ်ပါရေ။ အဓိက သူရို့ ပြည်တွင်းဖူလုံဖို့အတွက် အဓိက ထားစော်ဖြစ်ပါရေ” လို့ မောင်တောက ကုန်သည် ဦးမောင်ပုက ဆိုပါရေ။
မြန်မာနိုင်ငံနန့် ဘင်္ဂလားဒေရှ့်နိုင်ငံ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် တစ်ဖက်နန့် တစ်ဖက် တစ်နိုင်တပိုင် ကုန်သွယ်လားလာမှုတိကို နိန့်ချင်းပြန် တစ်ရက်ဗီဇာနန့် ခွင့်ပြုထားရေလို့ သိရပါရေ။ နှစ်ဖက်စလုံးက ကုန်သည်တိရေ အပြန်အလှန် ကူးသန်းလားလာနိန်ပြီးကေ ကုန်သည်တိက မြန်မာနိုင်ငံဖက်ကို ကုန်သွယ်ရေ ပစ္စည်းတိကို ဘင်္ဂလားဒေရှ့်က တားမြစ်စော်ဖြစ်တေလို့ သိရပါရေ။ ယင်းအခက်အခဲကို နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အရာဟိတိက အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးပီးသင့်ရေ အကြောင်းအရာတစ်ခု ဖြစ်တေလို့ နယ်စပ်ကုန်သွယ်ရေလူတိက ဆိုပါရေ။
လေးဝတီ သတင်းတိုက်မှ ကူးယူပါသည်