မလေးရှားမှာ မြန်မာတဦးသတ်ခံမူနှင့် ငိုသံများကြားပြောဆိုသံများ ဖေ့ဘွက်မှကူးယူတင်ပြသည်


မလေးရှားမှာ မြန်မာနောက်တဦး ထပ်မံ အသတ်ဖြတ်ခံလိုက်ရပါတယ်။ ယနေ့ နံနက်ပိုင်း ဒေသစံတော်ချိန် ၇ နာရီလောက်က ဂျာလန်မတ်လပ်စတာ မှာ ထိုးသွင်းဒဏ်ရာ ၁၀ ခုနဲ့ မြန်မာအမျိုးသား တဦးရဲ့ ရုပ် အလောင်းကို တွေ့ရတာဖြစ်တာပါ။

မလေးရှားနိုင်ငံ ဆာလာရန်း ဈေးတွင်း တနေရာ၊ ဓာတ်ပုံ-မလေးရှားရှိ မြန်မာတဦး

အဆိုပါ ရုပ်အလောင်းကို အလုပ်သမား တဦးက တွေ့ခဲ့တာဖြစ်တယ်လို့ ကွာလာလမ်ပူပို့စ် သတင်းတပုဒ် က ဆိုပါတယ်။


ကွမ်တန်ခရိုင်ရဲအကြီးအကဲက သတင်းထောက်တွေကို ပြောတာမှာတော့ အိပ်ခန်း ကြမ်းပြင်တွေထိ
သွေးတွေ စီးလာတာတွေ့ရသလို သေဆုံးသူရဲ့ အိပ်ခန်းကို ၀င်ရောက်သွားတဲ့ အချိန်မှာ အံ့သြစွာ နဲ့ သေဆုံးသူရဲ့ အလောင်းကို တွေ့ကြရတာလို့ ဆိုပါတယ်။

ရဲမှူးက ဆက်ပြောရာမှာ အခင်းဖြစ်ချိန်ဟာ သေဆုံးသူ အိပ်ပျော်နေစဉ် မနေ့ည ၁၂ နာရီလောက်က ဖြစ်
နိုင်တယ်လို့ ထင်မြင် ယူဆ ကြောင်း၊ လူသတ်မှု သံသယရှိသူ အသက် ၁၉၊ အသက် ၂၆ နဲ့ အသက် ၂၈ နှစ်အရွယ် သူ့ လုပ်ဖော်ကိုင်ဖက်တွေကို ခြေရာခံ စုံစမ်းကာ လိုက်လံ ဖမ်းဆီးနေကြောင်း၊ ပြောပါ တယ်။ ဒါပေမယ့် သေဆုံးသူ မည်သူဖြစ်တယ်ဆိုတာတော့ အဆိုပါ သတင်းမှာ ဖော်ပြမထားပါဘူး။

သေဆုံးသူရဲ့ ရုပ်အလောင်းမှာ ရုန်းကန် လှုပ်ရှားထားတဲ့ လက္ခဏာ မရှိတဲ့အတွက် သေဆုံးသူ အိပ်ပျော်နေ ချိန်မှာ အုပ်စုနဲ့ သတ်ဖြတ်မှုလို့ ရဲက ယုံကြည်ကြောင်း အဆိုပါ ရဲအရာရှိက ဆက်ပြောထားပါတယ်။

လွန်ခဲ့တဲ့ တပတ်အတွင်း မလေးရှားနိုင်ငံရောက် မြန်မာ အနည်းဆုံး ၄ ဦး သေဆုံးခဲ့ရပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတာပါ။ ဒီနောက်မှာတော့ မြန်မာအစိုးရက မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို ဇွန်လ ၄ ရက်နေ့က သတိထောက်လွှာပေးပြီး မြန်မာနိုင်ငံသားတွေ အသက်၊ ပစ္စည်း ဆုံရှုံးခဲ့ရမှုတွေ စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ပြောဆိုခဲ့ပါတယ်။

အဲဒီနေ့ ညက စပြီး မလေးရှားမှာ မြန်မာမှန်သမျှ ဖမ်းဆီးခဲ့ရာ ၁ ထောင်ဝန်းကျင် ဖမ်းဆီးခံခဲ့ရတာလည်း ရဲအရာရှိတဦး ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် အထောက်အထားရှိတဲ့ မြန်မာတွေကိုတော့ ပြန်လွှတ်ပေး တယ်လို့လည်း မလေးရှားက မြန်မာတချို့က ပြောပါတယ်။

ဒါကြောင့် မလေးရောက် မြန်မာတွေအနေနဲ့ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ရ၊ အော်ပရာဇီ လို့ ခေါ်တဲ့ ရဲ၊ လ၀က၊ ပြည်သူ့စစ်တွေ ဖမ်းခံရမှာလည်း စိုးရိမ်ရနဲ့ အခြေစိုက်နေတာမို့ မြန်မာသံရုံးရဲ့ အကူအညီကို မျှော်လင့်ခဲ့ပေမယ့် မရခဲ့ကြဘူးလို့ မလေးရှားရောက် မြန်မာတွေက ဆိုကြပါတယ်။

ဒါကြောင့်လည်း လွန်ခဲ့တဲ့ အပတ်က မလေးရှားရှိ မြန်မာသံရုံးရှေ့မှာ မြန်မာ ၅ ဦးက ဆန္ဒဖော်ထုတ်ခဲ့ကြ ပါသေးတယ်။

စိုးရိမ်နေရတဲ့ မြန်မာတွေ အတွက် သံရုံးကို ကူညီဖို့၊ သံအမတ်ကြီး နုတ်ထွက်ပေး ဖို့နဲ့ သတင်းမှန် ထုတ်ပြန်ပြီး သေဆုံး၊ ထိခိုက် နာကျင်ခဲ့ရသူများကို ကူညီပေးဖို့၊နဲ့ မြန်မာနိုင်ငံသားတွေကို အကာ အကွယ်ပေးဖို့တွေ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ tunwai/facebook


Posted in: Lin Thant , tunwai

KUANTAN - A Myanmar man was found dead with 10 stab wounds at a funeral premises in Jalan Mat Luster, near here, today.

Pin bodies hling Mg, 41, was found by another employee when she arrived for work at 7 o'clock this morning, Kuantan district police chief ACP Mohd Yusoff Physical told reporters here.

"My colleagues of the victim went to the bedroom victim with intent to surprise the victim before seeing blood stains on the floor near the room.

"After opening the door, saw the victim's colleagues in tilted and covered in blood," he said.

Physical Mohd said the incident was believed to have occurred at 12 pm last night when she was sleeping.

He said police are now hunting for three suspects Myanmar colleagues also victims aged 19, 26 and 28 years.
မလေးရှားရှိမြန်မာများကို မည်သူ ကယ်တင်မည်နည်း။
သူတို့ အိပ်ပျော်နေကြသည်။ အပေါ်ထပ်အဆောက် အအုံတစ်ခုလုံး အိပ်ပျော်နေချိန် အောက်ထပ် မှာလည်း အိပ်မောကျနေကြ၏။ လှုပ်နိုးသူရှိသော်လည်း အိပ်ရေးပျက်မည်စိုးသောကြောင့် မထကြတော့။ သိုသော် သူတို့သည် အရေးကြီး ပုဂ္ဂိုလ်များအဖြစ် သူတို့ ကိုယ်သူတိုအထင်မှား လျက်နေကြလေကုန်၏။နိုင်ငံဝန်ထမ်းဖြစ်သည်ကို သူတို့ မသိကြတော့ / Public servant ဆိုသည်မှာ ပြည်သူ့ ၀န်ထမ်း ဖြစ်သည်။ ရိုင်းရိုင်းပြောရလျှင် ပြည်သူ့ လူထု၏ အလုပ်အကျွေး၊ ပြည်သူ့ ၏ကျွန်ဖြစ် နေရမှန်း သူတို့ ကိုယ်သူတို့ မသိကြတော့ချေ။ ပြည်သူလုထု ၏ သခင်ကဲ့သို့ နေလျှက် ပြည်သူ ကို အားနာရကောင်းမှန်း မသိ။ အောက်ခြေ ရှိ ရပ် ကွက် အာဏာ ပိုင် ၊ မြို့ နယ် အာဏာပိုင်ဟု အမည်တတ်ထားပေထသော် ထိုသူတို့သည် ခြေဖျားထောက် သွေး နထင်ရောက်လျှက်နေကြပေကုန်၏။ နိုင်ငံတော်တည်ဆောက်ရေးကိုလည်းနားမလည်။ အဖွဲ့ အစည်းများအင် အားကောင်းအောင်ဆောင်ရွက် ကူညီရမည်ကိုမသိ။ ဆောင်ရွက်သူများရှိသော်လည်း အမိန့် ညွန်ကြားချက်များ နိုင်ငံတော် ပြန်တမ်း များ ၏ ဆိုလိုချက်များ ကိုမသိသဖြင့် မည်ကဲံသို့ကူညီရမည်ကိုနားမလည် ။ရပ်ကွက် ဆယ်အိမ်ခေါင်းမှသည် ဥက္ကဌ အထိ ထောက်ခံချက်အမျိုး မျိုး ကိုတောင်းခံစေကာ ရဲစခန်းမှ စသော အဖွဲ့ အစည်းမျိုးမျိုး သို စေလွှတ်လျက် အချိန်ဖြုန်းခိုင်းစေတော့သည်။ သည်လို မျိုးလူ့  အဖွဲ့ အစည်းများ ရှိနေသည့် အမိမြန်မာနိုင်ငံ ၏ ကံကြမ္မာ အတွက် ရင်လေးလှပေစွ။ယခုလည်း မလေးရှားရောက်မြန်မာများဒုက္ခတရားကို ကယ်တယ်ရမည်ကို မသိကြချေ.။aungkein/facebook
 မနေ့ည(၇ရက်၆လ၂၀၁၃) မလေးစံတော်ချိန် ၁၁ လောက်မှာ ပူချွှန်း အိုယူဂျီ၊ကလန်းလမ်းမ၊ဘာတူးတီးကား၊စီရီပတ်တလင်းနှင့်အချားနေရာတော်တော်များများမှာ အော်ပရာစီဝင်တယ် မိတာနဲ လက်ထိပ်ခတ်ပြီးရဲစခန်းကိုခေါ်သွားတာ အဲဒီထဲမှာ ကျွှန်တော်လည်း ပါဝင်ခဲ့ပါသည်။ပထမ ရပ်ကွက် ရဲစခန်းမှာ အချက်အလက်တွေယူ ပြီးလျှင်ဇင်ကျမ်းရဲစခန်းကိုပို့ပြီးတော့ စုစုပေါင်းလူဦးရေ ၅၀၀လောက်ပေါ့ဗျာ စက်ရုံစားသောက်ဆိုင် အစုံပေါ့ UN အုပ်စုက UN အဖွဲ့၊ comunite ကတစ်ဖွဲ့ passport ကတစ်ဖွဲ့ ထိုင်ခိုင်းပြီးတော ဘာမှမရှိလူ တွေပါ UNအဖွဲကိုUN အရာရှိမျှားကအသင့်ဆောင့်နေပြီး မှန်ကန်လျှင်ရဲတွေကိုပေးပြီးရတွေကမှတဆင့်လူခေါ်စစ်ဆေးပြီးဆောင့်နေရပါညည်။ passport သမားတွေကိုရဲတွေကစစ်ဆေး၊ တခြားအဖွဲ့တွေကိုလည်းတချို့တချို့လူတွေကို ရဲတွေကစစ်ဆေးပြီး ဆောင့်ခိုင်းထားသည်။ ဒီနေရာတခုပြောချင်တာကတော့ comunite ကဒ်တွေကိုမနေ့ကမှစပြီး ရဲတွေကလွတ်ပေးတာတွေရတယ် အရင်အဖမ်းခံထားရသောလူများဘယ်ရောက်နေလဲတောင်စုံစမ်းနေတာ သတင်းမရသေးဘူး
မနေ့က UN အရာရှိတွေက လွတ်ပေးဖို့အကြောင်း ရဲအရာရှိ့တွေနဲ့ အချိန်ကြာကြာဆွေါ်နွေးနေတာလည်း ကျွန်တော်တို့တွေရှေ့မှာပြောနေတာတွေခဲ့ရတယ် အားလုံး
ပြီးစီတော့မှ ပြန်လွတ်ပေးတော့တယ် ဒါကြောင်မို့ မလေးရောက်ရွှေမြန်မာ အစစအရာရာသတိ ဝရိယနှင့်နေထိုင်ပြီးသွေးစည်းပါ။ kyawlun khing facebook
နိုင်ငံထဲမှာရှိတဲ့ နိုင်ငံသားတစ်ဦးရဲ့အခွင့်အရေးနဲ့ နိုင်ငံပြင်ပက ဥပဒေအရ
လျှောက်ထားပြီးဖြစ်လာတဲ့ အခွင့်အရေးကို လူ့အခွင့်အရေးစံချိန်စံနှုန်းနဲ့
သက်မှတ်ရင် ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားမယ်။ စံနှုန်းတွေကို စဉ်းစား
မယ်ဆိုရင် ဥရောပစံနှုန်းနဲ့ အာရှစံနှုန်း၊ အစ္စလာမ်စံနှုန်းနဲ့ ဗုဒ္ဓဘာသာစံနှုန်း၊
ခရစ်ယာန်စံနှုန်းနဲ့ ဗုဒ္ဒ ဘာသာစံနှုန်းတွေကို ထည့်သွင်းစဉ်းစားရမယ်။

မွတ်စလင်နိုင်ငံတွေမှာဆိုရင် လူမှု့ရေးဖောက်ပြန်တဲ့ အမျိုးသမီးတွေကို လူမြင်ကွင်းတွေမှာခဲနဲ့ပေါက်သတ်တာတွေရှိတယ်။ ဒီအချက်တွေကိုကျတော့ ဘယ်လူ့အခွင့်အရေး၊အမျိုးသမီးအခွင့်အရေးတွေမှာ ထည့်သွင်းစဉ်းစား တာရှိသလဲ´
(ဒေါက်တာအေးမောင်)
Powered by Blogger.