နိုင်ငံခြားရောက်မြန်မာပြည်မှနိုင်ငံသားများဝမ်းနည်းစရာ
နယူးဒေလီ (လေးဝတီ)
။ ။မလေးနိုင်ငံကို အလုပ်လုပ်ကိုင်ဖို့ ရောက်ရှိနိန်ကတ်တေ
ရခိုင်အမျိုးသားနှစ်ယောက် ဇူလိုင်လ ၁၈ ရက်နိန့်က ULU LUNGAT BATU 14 ANPANG
မြို့ High way လမ်းမကြီး လမ်းဘေး ရာဘာတောထဲမှာ သီနိန်စော်ကို တွိ့လို့
တရုတ်လူမျိုးတစ်ယောက်က တိုင်ကြားချက်အရ သိရှိရကြောင်း လေးဝတီက သိရပါသည်။
အသတ်ခံရရေ ရခိုင်အမျိုးသားနှစ်ယောက်မှာ မောင်တောမြို့နယ် ဗောဓိကုန်ကျေးရွာက ဦးကျော်ဇံညို၏ သား မောင်စိုးအောင် (ခေါ်) Kyaw Thein UNHCR Ref – HCRKL1301-06 ကဒ်ကို ကိုင်ဆောင်ထားသူ အသက် ၃၈ နှစ် နန့် ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်း ပြိုင်းတောင်ကျေးရွာက ဦးမောင်မောင်ချေ၏သား စိုးနိုင် (SOE NAING 11/ARK/02271) ကဒ် ကိုင်ဆောင်ထားသူ အသက် ၃၆ နှစ် ရို့ဖြစ်ပါသည်။
အသတ်ခံရေလူ နှစ်ယောက်ရေ Damansara Damai Selangor မြို့နယ်တွင် astro စာရွက်လိုက်ကတ်တေ အလုပ်မှာ လုပ်ကိုင်နိန်သူတိ ဖြစ်ပါရေ။ ဇူလိုင်လ ၁၈ ရက်နိန့်က သူရို့နှစ်ယောက်ရေ လက်ဟိအလုပ်ကို မလုပ်ချင်သောကြောင့် Kajan မှ အသိမိတ်ဆွေ တစ်ယောက်ဖြစ်တေ ကုလားပွဲစား မိုဟာမက် ဆိုသူနန့် အလုပ်အသစ်ရှာဖို့ ထွက်လားပြီးနောက် ပြန်ရောက်မလာဘဲ ပျောက်ဆုံးနိန်ကြောင်း သိရပါသည်။
“ဇူလိုင်လ ၁၈ ရက်နိန့် ညဇာဖက်ကပင် သူရို့ကို ဖုန်းလုံးဝခေါ်မရလို့ သားဖြစ်တေူ ဦးနုမောင် ပြောပါရေ ယင်းနောက်ပိုင်းမှာ သူငယ်ချင်းတိနန့် သူရို့အသိုင်းဝိုင်းတိက လိုက်ရှာကေလည်း လုံးဝအဆက်သွယ်မရပါ။ ဇူလိုင်လ ၂၃ ရက် နိန့် စောစောဖက် 11း00 နာရီလောက်မှာ Kajan ရဲစခန်းကှ ဆက်သွယ်လာပါရေ။ ရဲတိ ပြောပြချက်အရဆိုကေ ၂၁ ရက်နိန့်မှာ ULU LUNGAT BATU 14 ANPANG မြို့နယ် ဟိုင်းဝဲလမ်းမကြီးဘေးနားက ရာဘာတောထဲမှာ ဝေးထားပခစွာကို တရုတ်လူမျိုးတစ်ယောက် ရဲကို တိုင်ကြားချက်အရ သိရပါရေ” လို့ ARRC ရုံးက တာဝန်ဟိရေ ကိုစိုးသန်းက လေးဝတီကို အဂုပိုင် ပြောပြပါသည်။
ယင်းသီဆုံးနိန်ရေ အလောင်းတိရေ ရောင်ပြီးကေ ပုတ်ခါနီးနိန်ယာကြောင်း နှစ်ယောက်စလုံးမှာ ခေါင်းမှာ ဒုတ်နန့် သတ်ထားရေ ဒဏ်ရာတိနန့် ညာဖက် လိုင်ဘင်းဖက်မှာ ဓါးဒါဏ်ရာနှစ်ချက် ဘယ်ဖက် ရင်အုပ်အောက်နံရိုးကြားမှာ ဓါးထိုးသွင်းထားရေ ဒဏ်ရာ နှစ်ချက် ကိုစိုးနိုင်မှာဆိုကေ ဘယ်ဖက်နံရိုးနန့် လက်ကျိုးနိန်ရေလို့ သိရှိရပါသည်။
“ဒေ မူခင်းကို ကြည့်ခြင်းအားဖြင့် အကွက်ကျကျ ကြံစည်သတ်ဖြတ်ခြင်းကို ခံရရေလို့ ရဲက မှတ်ချက်ပီးပါရေ။ ကျနော်ရို့ ခန့် မှန်းခြီအရ ၁၈ ရက်နိန့်လောက်ကပင် အသတ်ခံရစော် ဖြစ်နိုင်ပါရေ။ ကိုမောင်စိုးအောင်နန့် ကိုစိုးနိုင်ရို့ရေ အသောက်စားနည်းပြီးကေ ရန်လိုသူတိမဟုတ်ကြောင်း သူရို့အသိုင်းဝိုင်းတိက ပြောပြချက်အရသိပါရေ။
အေကိစ္စနန့် ပါတ်သက်လို့ ကျနော်ရို့ ခန့်မှန်းစွာကတော့ခါ သူရို့နှစ်ယောက်အသတ်ခံရစော်ရေ ရခိုင်ပြည်မှာ လက်ရှိဖြစ်ပျက်နိန်ရေ ဆူပူအကြမ်းဖက်မှုတိနန့် တိုက်ရိုက် ဆက်စပ်ရေလို့ ယူဆရပါရေ” လို့ သူ က ဆက်ပြောပြပါသည်၊
ယင်းနည်းတူ ကျောက်ဖြူမြို့နယ် မရွမ်းဖက်က ကိုမင်းမင်းထွန်းကိုလည်း ဇွန်လ ၁၁ ရက်နိန့် 
၉ နာရီ ၃၀ မိနစ် အချိန်တွင် Srigombak Batu Stinger မှာ် လူတစ်စုက ကားထက်ကို အတင်းအဓမ္မ ဆွဲတင်လားကြောင်း မျက်မြင်သက်သီတိ ပြောပြချက်အရ သိရပါသည်။
JOHOBARU KOTARTHINGI မှာ လည်း ဇွန်လ ၂၂ ရက် နိန့်က ရခိုင်အမျိုးသား သုံးယောက်နိန်အိမ်ကို လူတစ်စု အတင်းဝင်ရောက်ပနာ ဒုတ်တိ ဓါးတိနန့် အသတ်ခံကြောင်း အေလူသတ်မှုနန့့် အလောင်းဖျောက်မှုကို တရာခံ ဇာသူဆိုစော် ပေါ်ပေါက်စီဖို့ ရခိုင်အဖွဲအစည်း ARRC & MAO နန့် KAJAN ရဲစခန်း ရဲအရာရှိ Mr sofia ရို့ပူးပေါင်းပြီးကေ မသင်ခါသူတိကို ယင်းအမှုမှန် ပေါ်ပေါက်ရေးအတွက် မိန်းမြန်းစုံစမ်းလျှက်ရှိကြောင်း သိရှိရပါသည်။
ယင်း အခင်းဖြစ်ပွားပြီးနောက် ပျောက်ဆုံးနိန်သူ Min Min Tun 354-10C08925 ကဒ် ကိုင်ဆောင်ထားသူဖြစ်ကြောင်းနန့် လက်ဟိ ဆီးကုသမှုခံယူနိန်သူမှာ အောင်ဇော်မိုး (ခေါ်) Achat 12/ARC/4855 ကဒ် ကိုင်ထားသူရို့ ဖြစ်ကြောင်း သိရပါသည်။
ဒေဂုလ ၁၈ ရက်နိန့်က သီဆုံးလားရေ ကိုမောင်စိုးအောင် (အဖ) ဦးကျော်ဇံညို၏သား အသက် ၃၈ နှစ် နန့် ကိုစိုးနိုင်(ဘ)ဦးမောင်မောင်ချေ၏သား အသက် ၃၆ နှစ်ရို့ အား ARRC & MAO မလေးရှားအသင်းအဖွဲ့ စည်းတိနန့် မလေးသျှားးရောက် ရခိုင်ပြည်သူတိက
ကျန်ခသူ မိသားစုတိနန့် ထပ်တူထပ်မျှ ၀မ်းနည်းကြွီကွဲရပါကြောင်း လေးဝတီက မှတ်တမ်းတင်အပ်ပါသည်။
မလေးရှားရောက် ရခိုင်ညီအစ်ကိုတိကို ရခိုင်အဖွဲ့အစည်းတိမှ အသိပီးလိုသည်မှာ ဇာနိန်ရာ ဇာဒေသကိုပင် ရောက်နိန်ရောက်နိန် ကိုယ့်အသိ ကိုယ့်သတိကို မြဲမြန်းစွာထားပြီးကေ လုပ်ငန်းခွင်တွင်လည်းကောင်း ၊လမ်းသွားလမ်းလာ လည်ပတ်ရာတွင်လည်းကောင်း အိမ်တွင်းနိန်ထိုင်ရာတွင်လည်းကောင်း အသိ သတိကြီးစွာဖြင့် နိန်ထိုင်ကတ်ပါရန် အထူးအသိပီးပါသည်။
နောက်ထပ် တစုံတရာ အရေးကြုံလာပါက ဆက်သွယ်ရဖို့ ဖုန်းနံပါတ်တိမှာ ARRC ရုံးဖုန်း (0320721305) (0320721306) (0149723805) (0109052846) (0146217173) (0124304411) (0320701711) တိကို ဆက်သွယ်ပါရန် မလေးသျှားရှိ ရခိုင်အဖွဲ့အစည်းတိမှ သတိပီးနိန်ကြောင်း ထုတ်ပြန်ထားပါသည်။
အဂု အခင်းဖြစ်စိုင်အားလုံးကို ဇူလိုင်လ ၂၃ ရက်နိန့် တွင် Kajan ရဲစခန်းမှ ဆက်သွယ် အကြောင်းကြားလားပါသဖြင့် သတင်းရလျှင် ရချင်း ARRC ၀န်ထမ်းတိက ချက်ချင်းဆိုရေပိုင် အမှုမှန်ပေါ်ပေါက်ရေးအတွက် ယင်းရဲစခန်းတာဝန်ဟိသူတိနန့် လိုက်ပါ ဆောင်ရွက်နိန်ကြောင်း လေးဝတီက သတင်းရရှိပါသည်။်http://www.arakanlaywaddy.com/?p=1396